ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင်မြေကွက်ကြည့်မည်ဟုဆိုကာ ယာဉ် ပိုင်ရှင်အားရိုက်နှက်၍ ကားလုယက်မှုဖြစ်ပွား

တောင်ကြီးတွင်မြေကွက်ကြည့်မည်ဟုဆိုကာ ယာဉ် ပိုင်ရှင်အားရိုက်နှက်၍ ကားလုယက်မှုဖြစ်ပွား

Hsan Loi Editor
23/12/2022
Share:

Lu

တောင်ကြီးမြို့နယ်၊ နားဘောင်ကျေးရွာအနီးတွင် ဒီဇင် ဘာလ ၂၂ ရက်၊ ညနေ ၃ နာရီချိန်ခန့်က မြေ ကွက်ကြည့်မည်ဟုဆိုကာ ယာဉ်ပိုင်ရှင် အားရိုက်နှက်၍ ကားလုယက် မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီး အိမ်ခြံမြေအကျိုး ဆောင်အသိုင်းအဝိုင်း များထံမှသိရသည် ။

” ကားလုခံရတာက အသိတယောက်ရဲ့အဖေပါ၊ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရိုက်လုသွားတာပေါ့ လူကတော့ ဦးခေါင်းထိခိုက်သွားပြီး ဆေးရုံမှာ ချုပ်လိုက်ရတယ်။ရွာဘက်တွေဆို အဖော်နဲ့သွားဖို့လိုတယ်အဝယ်တိုက်ရိုက်/ အိမ်ရှင်တိုက်ရိုက်ရှာသူတွေ သတိ လက်လွတ်မဖြစ်ကြပါနဲ့ ” ဟု တောင်ကြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည် ။

နားဘောင်ကျေးရွာအနီးတွင် မြေကွက်ကြည့်မည်ဟုဆိုကာ ချိန်းဆိုသည့်အတွက် သွားရောက်ပြသနေစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဦးခေါင်းကို ရိုက်နှက်ပြီး 5G/5250 နံပါတ်ပါ Hijet အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်ကို လု ယက်မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့နယ်တစ်ဝိုက် ကားလုယက်ခံရမှု များ ခိုးဆိုးလုနှိုက်မှုများနှင့် ဖောက်ထွင်းမှုများ နေ့စဥ်နဲ့အမျှ ဖြစ်ပွားလျှက်ရှိ နေသော်လည်း ဖမ်းဆီးဖာ်ထုတ် နိုင်ခြင်းမရှိကြောင်း မြို့ခံများကပြောဆိုကြသည် ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/