ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား

တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား

ahadmin
17/10/2022
Share:
တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား
16 October 2022 (04:57 PM)
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်က အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာပါဝင်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာမှာ နိုင်ငံရဲ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့ တာကို သတိရဖို့လိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ ထူထောင်ကြဖို့နဲ့ပတ်သက်ပြီး ဗမာပြည်သစ်ကိုတည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုးတည်းပဲ ဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတော့ ပြည်ထောင်စု (Union) သဘောမျိုးပဲ ဖြစ်ရမယ်။
ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံးတိုးတက်မှုကိုလုပ်နိုင်မှာပဲလို့ ပြောကြား ခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စု (Union) ဆိုတဲ့ စကားကို သတိပြုမိဖို့လိုအပ်မှာဖြစ်ပါတယ်။”
#HsanLoiVoice
Photos: Tai freedom (NCA-S EAO) ၇ ဖွဲ့ NCA ၇ နှစ်ပြည့်အခမ်းအနား၌ တွေ့ရစဉ်။