ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်း-ကယား(ကရင်နီ)နယ်စပ်၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာကို ယမန်နေ့ စက်တင်ဘာလ(၂၁)ရက် ညနေပိုင်းအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး အမျိုးသမီး တစ်ဦး သေဆုံးကာ(၁၀)ဦး ဒဏ်ရာရရှိကြောင်း သတင်းရင်းမြစ် ထံမှ သိရသည်။
စစ်ကောင်စီက ပေါင် ၅၀၀ ဖြင့် ဗုံးကြဲချမှုကြောင့် အသက် ၃၂နှစ်အရွယ် အမျိုးသမီးသေဆုံးပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူများထဲ ကလေးငယ်ပါဝင်ကြောင်း သိရသည်။
ယမန်နေ့နှင့် ယနေ့မနက်အစောပိုင်းက နောင်ချိုမြို့သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တိုက်တာများ ထိခိုက်ပျက်စီးကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ ရယူသိမ်းပိုက်ထိန်းချုပ်ထားရာ မြို့ရွာများမှာ စစ်ကောင်စီက ရန်နိုင်မင်းစစ်ဆင်ရေး အမည်ဖြင့် ပြည်သူများကို ဦးတည်ပြီးနေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။