ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့တွင်းသွားလာခွင့် ၅ ရက်ပိတ်ထား

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့တွင်းသွားလာခွင့် ၅ ရက်ပိတ်ထား

Hsan Loi Editor
22/02/2025
Share:

 

သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်‌ နေတဲ့အတွက် ဖေဖော်ဝါရီ ၂၄ရက် ကနေပြီး ၂၈ ရက်နေ့အထိ (၅) ရက်အတွင်း သွားလာခွင့်ပိတ်ထား‌‌တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာပူးတွဲ ထုတ်ပြန်ထားပါတယ် ။

 

မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက် ကြီး၊ဒရုန်း တွေနဲ့ နေ့စဥ်ပစ်ခတ် နေတဲ့အတွက် ခေတ္တပိတ်ထားရတာဖြစ်တယ်လို့ သိရပါတယ် ။

 

စစ်ကောင်စီကမိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပေါ် တော်လှန်ရေး တပ်ပေါင်းစုများနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ် ။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လက်နက် ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အများပြည်သူနေထိုင်ရာ နေရာဒေသတွေအထိ ပစ်မှတ်ထားတိုက်ခိုက်လာပြီး အရပ်သားပြည်သူလုံခြုံ ရေးအတွက် မြို့ထဲသွားလာခွင့်ကို ယာယီပိတ်ထားခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။

 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ အရေးကြီး ၊ အရေးပေါ်ကိစ္စတွေ ရှိလာရင် သက်ဆိုင်ရာတပ်ရင်း ၊ တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတိပေးထားပါတယ် ။