ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်တွင် ယနေ့မနက်က ဗုံးပေါက်ကွဲ 

တာချီလိတ်တွင် ယနေ့မနက်က ဗုံးပေါက်ကွဲ 

Hsan Loi Editor
08/03/2024
Share:

 

တာချီလိတ် ၊ ဝိန်းကျောက်ရပ်ကွက် တွင် ယနေ့နံနက် ၅ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည် ။

 

ဝိန်းကျောက်ရပ်ကွက်အာခါစျေးလမ်း၊ အမှတ် (ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းနောက် ခြံဝန်းအတွင်း နေထိုင်သော အသက်(၁၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးကခြံဝန်းအတွင်းမှ အပြင်သို့ အမှိုက်ပစ်ရန် ထွက်လာစဉ် ခြံတံခါးအဝ တွင်အဝတ်အနီရောင်စဖြင့် ချိတ်ဆွဲထုပ်ထားသော အထုတ်အား ဆွဲယူရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

” ပေါက်ကွဲသံက အိမ်တောင်တုန်တယ် မြန်မာစံတော်ချိန်က 5နာရီမိနစ် 30လောက်မှာပါ လန့်နိုးလို့နာရီထကြည့်တာ အိမ်နဲ့ဝေးတာတောင်မှအသံအကျယ်ကြီးကြားရတယ် ” ဟု တာချီလိတ်ဒေသခံ တစ်ဦးကလည်းပြောသည် ။

 

ပေါက်ကွဲ မှုကြောင့် ၄င်းအမျိုးသမီး ထိခိုက်ဒဏ်ရာများရရှိသဖြင့် ဦးလှမိုးနာရေးကူညီမှု အသင်းမှ ဆေးရုံသို့ ပို့ဆောင်ထားပါကြောင်း သိရှိရသည်။