ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့အား KIA အဖွဲ့က စစ်ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လွယ်ဂျယ်မြို့ရှိ ခလရ ၁၄၂ တပ်စခန်းတွင် မြန်မာငွေကျပ် သိန်းပေါင်း(၆)ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကချင်သတင်းအရင်းအမြစ်များ၏ ဖော်ပြမှုအရ သိရသည်။
လွယ်ဂျယ်မြို့အား ဧပြီလ (၈)ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး KIA အဖွဲ့က ရှင်းလင်းရေးဆောင်ရွက်စဉ် ယခုလို ငွေအမြောက်အများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ သိန်းပေါင်းခြောက်သောင်းကျော်ရှိသောငွေသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကရရှိသော ငွေများဖြစ်နိုင်ပြီး အစိုးရဆီမအပ်နှံသေးခင် စစ်ကောင်စီတပ်အတွင်း လာရောက်သိုလှောင်သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်မြို့တွင် အစိုးရယန္တရားလည်ပတ်မှုသည် မတ်လကုန်ကတည်းက ရပ်တန့်သွားပြီဖြစ်ပြီး ဧပြီလ (၈)ရက်နေ့ ညပိုင်းတွင် မြို့အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများက တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်ဟုဆိုသည်။
လွယ်ဂျယ်မြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောကြောင့် ငွေကျပ်သိန်းပေါင်း(၆)သောင်းကျော်အပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကိုလည်း KIA က ရရှိခဲ့ကြောင်း သတင်းရရှိသည်။