ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ၂၀၂၄ ရက်နေ့ ဩဂုတ်လ(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ယာယီသမ္မတအဖြစ် မိမိကိုယ်ကို ခံယူထားသော စစ်ကောင်စီခေါင်းဆောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးအဆင့်ရှိသူအား တန်းတူအနေအထားထိုင်ပြီး လက်ခံတွေ့ဆုံခြင်းဖြစ်သည်။
အစိုးရပိုင် သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအရ တွေ့ဆုံမှု၌ သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအား ဆန့်ကျင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟုဆိုသည်။
ယခုတွေ့ဆုံမှု၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးအပြင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တန့်ရှီကျွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။