ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ တောင်ပို့ကွဲကျေးရွာကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၀)နှစ်အရွယ်ရှိ ကလေးငယ် အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်မှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၂)ရက် ညနေ (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့က ဖယ်ခုံအနောက်ကမ်းမှ လက်နက်ကြီး ၆လုံးနဲ့ ပစ်ခတ်လာရာ ညောင်ရွှေမြို့နယ်ရှိ တောင်ပို့ကွဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၀)နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေး ထံမှ သိရပါတယ်။
တစ်ရက်ထဲမှာပဲ ပင်လောင်းမြို့နယ်ရှိ နန်းတုတ်ရွာကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့က ဘီလူးချောင်း အနောက်ဖက်ကမ်း လွယ်ဖွီးမှနေပြီး မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး(၈)လုံး ထပ်မံ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၅)ရက်က စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အင်းလေးဒေသရှိ လွယ်နွဲ့ကျေးရွာနဲ့ ဘုရားတောင်ရှိ စစ်ရှောင်စခန်း ကုန်းသို့ ကျရောက်ပေါက်ကွဲပြီး (၂)ဦး သေဆုံးပြီး (၆)ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ လအတွင်း သျှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသနဲ့ ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့က လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ပေါင်း (၅၄)ကြိမ် ပြုလုပ်ပြီး ၎င်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးခဲ့ကြောင့် အင်းလေးဒေသ လူ့အခွင့်အရေး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo – အင်းလေးဒေသလူ့အခွင့်အရေး