ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲတွင် သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် (ယခင်ညောင်ရွှေ သျှမ်းစော်ဘွားကြီး အုပ်ချုပ်သည့်နယ်) ညောင်ရွှေအကျဉ်းထောင်အတွင်းရှိ ၂ ထပ် အိပ်ဆောင်တခုမှ အကျဉ်းသား ၁၅ ဦးခန့်သည် အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးအား တိုက်ခိုက်၍ အုတ်ရိုးကျော်တက်ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
အကျဉ်းထောင်ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသား ၁ ဦး သေဆုံးကာ အကျဉ်းသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
Source: Myanamr Digital News