ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ တိုက်မိုင်း နင်းမိပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ တွေရှိနေ 

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ တိုက်မိုင်း နင်းမိပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ တွေရှိနေ 

Hsan Loi Editor
26/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်၊ လင်လံတောင်အုပ်စု ၊ထီရီးကျေးရွာသား(၃)ဦးဟာ စစ်ကောင်စီဗျူဟာစစ်စခန်း နဲ့စစ်ကောင်စီအခြေပြုထားတဲ့ နမ့်ပွန်‌ ကျေးရွာ ကြားတောအုပ်အတွင်း က စစ်ကောင်စီထောင်ထားတဲ့ တိုက်မိုင်းကို ထော်လာဂျီ နဲ့ဖြတ်နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားသွားတဲ့အတွက် ထော်လာဂျီပေါ်ပါလာတဲ့ ထီရီးရွာသား ၃ ဦးထိမှန်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ် ။

 

” သားအဖ ၃ ယောက် ပြောင်းဖူးသွားချိုးတာ လမ်းမှာ သူတို့ မောင်းလာတဲ့ထော်လာဂျီ မိုင်းနင်းမိပြီး အဖေ ဖြစ်သူပွဲချင်းပြီးသေတယ် သားအကြီးကလည်းခြေနှစ်ဖက်ထိပြီး သတိမေ့နေတယ် သားအငယ်အသက် ၆ နှစ်ကလေးပဲလွတ်တယ် အဲ့ဒီကလေးက ရွာကလူတွေကို ပြန်ခေါ်တာ” လို့သတင်းရင်းမြစ်ကပြောပါတယ် ။

 

ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက်(၈)နာရီ ဝန်းကျင်လောက်ကထီရီးကျေးရွာနေသူ သားအဖ (၃) ဦးဟာ ရေပူ- နမ့်ပွန်ကြားဘုရားတောင်ရွာတောင်ဘက်ကို ပြောင်းဖူးချိုးဖို့သွားရာက နမ့်ပွန်အခြေစိုက်စစ်ကောင်စီထောင် ထား‌တဲ့ နင်းမိုင်း/တိုက်မိုင်းကို ထော်လာဂျီနဲ့ ဖြတ်မောင်းမိရာက ပေါက်ကွဲ မှုဖြစ်ပွားခဲ့တာပါ ။

 

မိုင်းထိခိုက်ခဲ့တဲ့ ဦးလှဝန်း အသက် (၄၀) နှစ် ဟာနေရာမှာတင် ပွဲချင်းပီးသေဆုံးခဲ့ပြီး သား ခွန်သန်းအောင် အသက် ၁၉ နှစ် လည်းခြေထောက် နှစ်ဖက် မိုင်းစထိမှန်ခဲ့တဲ့အတွက် တောင်ကြီး စဝ်စံထွန်းဆေးရုံကိုပို့ဆောင် ထားတယ်လို့ သိရပါတယ် ။

 

ထီရီး နမ့်ပွန် ကျေးရွာတွေကို ဒီဇင်ဘာလ၂၅ ရက်နေ့ နောက်ဆုံးထားပြီးပြောင်းခင်းတွေအကုန်ချိုးရမယ်လို့ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ကအမိန့်ပေးထားတယ်လို့ဒေသခံတွေဆီက သိရပါတယ် ။

 

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်က PDF တွေ ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ရွာသားတွေကို ဝါဒဖြန့်ထားတယ်လို့ သိရပါတယ် ။

 

ဓာတ်ပုံ – ထီရီးရွာမြေပုံ