ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ပြန်လည်ငြိမ်သက်နေသော်လည်း ဒေသခံများနေအိမ်ကို ပြန်နိုင်ခြင်းမရှိသေးပါ။ ဒါ့အပြင် တိုက်ပွဲပြန်ဖြစ်မည်ဟု သတင်းထွက်ပေါ်နေသောကြောင့် နေအိမ်ကိုစွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်သည်။
“ဒီတစ်ပတ်တိုက်ပွဲပြန်ဖြစ်တော့မယ် (၂) ဖက်တပ်တွေလည်း အင်အားတွေဖြည့်တင်းနေကြတယ်ဆိုတဲ့ သတင်းကြောင့် ဆီဆိုင်မြို့နယ်ထဲက တောင်ရှေ့ကျေးရွာအုပ်စု၊ တဘက်ကျေးရွာအုပ်စုနှင့်နောင်ကျော ကျေးရွာအုပ်စုက ပြည်သူတွေ ထွက်ပြေးကုန်ကြတယ်။ အခုထိတော့ ဘာသံမှ မကြားသေးဘူး။” ဟု စစ်ဘေးရှောင်များကို ကူညီရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောပြသည်။
စစ်ဘေးရှောင်များသည် နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများထံ ယာယီဝင်ရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ ဆိုင်ခေါင်ကျေးရွာအုပ်စု ဆိုင်ခေါင်တောင်ကျောင်းကြီးတွင်လည်း တစ်ရက်ထက်တစ်ရက် စစ်ဘေးရှောင်များ ပိုမိုများပြားလာလျက်ရှိပြီး စားဝတ်နေရေးအတွက် ခက်ခဲလျက်ရှိသည်။ ဆိုင်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်ဦးရေ (၃၀၀၀)ကျော်နေပြီဖြစ်သည်ဟုလည်း သိရသည်။
အခြားတစ်ဖက်တွင်မူ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိမိနေရပ်ကို ပြန်လာရန် စစ်ကောင်စီက ဖိအားပေးနေသော်လည်း ဒေသခံမိဘပြည်သူများအနေဖြင့် နေရပ်ပြန်ရန် စိုးရိမ်နေသေးကြောင်း သတင်းရရှိသည်။