ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ခန့်က စားနပ်ရိက္ခာနှင့်အမိုးအကာ အကူအညီလိုအပ်နေ

ဆီဆိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ခန့်က စားနပ်ရိက္ခာနှင့်အမိုးအကာ အကူအညီလိုအပ်နေ

Hsan Loi Editor
25/08/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ခန့်က စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီလိုအပ်နေကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ (၂၄)ရက်အတွင်း
စစ်ကောင်စီဖက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း PNLA က ထုတ်ပြန်ထားပါသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တို့က ဆီဆိုင်မြို့ အရှေ့ဘက် ကျေးရွာရှိ ဒေသခံများကို စားသောက်ကုန်နှင့် လယ်ယာသုံးပစ္စည်းများ သယ်ယူခွင့် ပိတ်ပင်ထားတဲ့အတွက် ဒေသခံများအနေဖြင့် စားသောက် ရေးအတွက် အခက်အခဲဖြစ်ကြောင်း သိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ PNO ပြည်သူ့စစ် နှင့် PNLA တပ်တို့ကြား တိုက်ပွဲ (၁၄)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်သား ၅၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း PNLA က ထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ ဒေသကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး PNO ပြည်သူ့စစ်က နောင်တရားဒေသအတွင်းက အမျိုးသားများကို အတင်းအဓမ္မ စေခိုင်းတက်ရောက်ခဲ့သည့် အခြေခံစစ်ပညာ (၅)ရက်သာသင်တန်းကို ဩဂုတ်လ(၂၁) ရက် နေ့က သင်တန်းဆင်းပွဲပြုလုပ်ကာ စစ်သင်တန်းသား အင်အား ၁ သောင်း ကျော် တက်ရောက်ကြောင်း သိရသည်။