ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ်တွင် ရွာထဲရေပြန်သယ်သော ၁၀ တန်းကျောင်းသူ (၃) ဦး လက်နက်ကြီးကျည်ထိမှန်ပြီး တစ်ဦးသေဆုံးဟုဆို

ဆီဆိုင်မြို့နယ်တွင် ရွာထဲရေပြန်သယ်သော ၁၀ တန်းကျောင်းသူ (၃) ဦး လက်နက်ကြီးကျည်ထိမှန်ပြီး တစ်ဦးသေဆုံးဟုဆို

Hsan Loi Editor
09/04/2024
Share:

 

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု တွေပူးရွာတွင် စစ်ဘေးရှောင်(၁၀)တန်းကျောင်းသူ (၃) ဦးဧပြီလ(၈) ရက်နေ့က ရွာထဲရေပြန်သယ်ရင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် (၁) ဦးသေဆုံးကာ (၂) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

 

“ လွယ်ပွတ်ဒေသကို ပြန်လည်ရရှိဖို့ PNA နဲ့ စစ်ကောင်စီက နေ့တိုင်းထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ ကလေးတွေ သောက်ရေသန့်ရရှိဖို့ ပြန်သွားယူတဲ့အချိန် လက်နက်ကြီးထိပြီး နေရာမှာတင် တစ်ယောက်ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့သူတွေကို အလံဖြူထောင်ပြီး ကားနဲ့ပြန်သယ်ပြီး ဆေးကုပေးနေတယ်။”

 

လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အား စစ်ကောင်စီနှင့်PNA ပူးပေါင်းအဖွဲ့က ပြန်လည်ထိန်းချုပ်ထားပြီး ကျန်ရှိနေသော နေရာများအား ပြန်လည်ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေသည်ဟုဆိုသည်။

 

လွယ်ပွတ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။