ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဩဂုတ်လ(၆)ရက်က စစ်ကောင်စီနှင့် PNLA၊ မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ(၁၀)ဦး သေဆုံးကာ ဒရုန်း(၁)စီးနှင့် လက်နက် (၁၀) လက် သိမ်းဆည်းရမိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။
PNLA၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ယမန်နေ့ ဩဂုတ်လ(၆)ရက် ညပိုင်းအချိန်မှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် ဆီဆိုင်မြို့ နယ် မီရဲ့ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၂ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရပါသည်။
စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့ အရှေ့ဘက်ရှိ ကျေးရွာ (၁၀)ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း PNLA ကထုတ်ပြန်ထားပါသည်။