ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကယားပြည် (ကရင်နီ) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိစစ်ရှောင် စာသင်ကျောင်းကို ဇူလိုင်လ ၄ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အချိန်က စစ်ကောင်စီလေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၃ အရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုဒေသခံများထံမှ သိရသည်။
“ စာသင်ကျောင်းကိုလာပစ်သွားတာ ၊ ပတ်ဝန်းကျင်ရွာက စစ်ရှောင်တွေအများဆုံးနေတဲ့ စစ်ရှောင်စခန်းလဲဖြစ်တယ် ကလေးလေးတစ်ယောက်နဲ့ သူ့မိဘတွေပါတယ် ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံး၊ ပေါင် ၁၀၀ နှစ်လုံး ဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၃ နှစ် ကလေးတစ်ဦးနှင့်ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ရှောင်ကလေးတွေ စာသင်ကြားနေသည့် စာသင်ကျောင်းဆောင်နှင့် စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့ကြောင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ကလည်း သတင်းထုတ်ပြန်ထားသည်။
“ ဗုံးကြဲတဲ့လေယာဥ်တွေက လူအိပ်ချိန်ပဲလာတာ အဲ့ဒီမှာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းလဲမရဘူး လေယာဉ်သံကြားရင် ကိုစိုးရိမ်ထိတ်လန့်နေရပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကရင်နီပြည်နယ်တွင်း ပြီးခဲ့သည့်ဇွန်လအတွင်း၌ လေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)
၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေ လေကြောင်းနဲ့တိုက်ခိုက်မှု အရေအတွက် (၅၂၇) ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။