ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမြို့တွင် စစ်တပ်ပိုင် စျေးတစ်ချို့နှင့်စျေးဆိုင်ခန်း ငှားရမ်း လုပ်ကိုင်စားသောက်နေကြသော စျေးသည်များ အားလုံးဇန်နဝါရီလ၊ ၂၈ ရက်နေ့ မှစ၍ ဖယ်ရှားခံရပြီးစျေးဆိုင်တန်းများအားစစ်ကောင်စီမှ ဘူဒိုဇာဖြင့်ဖြိုချနေကြောင်း သိရသည် ။
မြေပြင်ဆေးတပ်ရင်း (မဆရ-၂) ပိုင်ဆိုင်သည့် တိုက်တန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ပိုင်ဆိုင်တဲ့ မောချယ်ရီအဝေးပြေး ကားဂိတ်များ၊ ကျောင်းကြီးစု ရပ်ကွက်မှ ၂၁၂- ဆက်သွယ်ရေးတပ် (ဆသရ) ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းများ၊ တောင်ကြီးမြို့ထွက် GE- ဆောက်လုပ်ရေးတပ် (ဆအလ) မှ ဆိုင်ခန်းများ ပါဝင်ကြောင်းသိရသည် ။
အဆိုပါ ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ၊ ၂၈ ရက်နေ့မှစတင် ဖျက်ဆီးနေပြီး တချို့ဆိုင်ခန်းများကို ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ဆုံးထားပြောင်း ရွှေ့ရန် စစ်ကောင်စီဖက်က သတိပေးထားကြောင်း သိရသည် ။
“ ၂၁၂ စျေးကတော့အာဏာသိမ်းသိမ်းပြီးချင်းပဲ စျေးသည် တွေကိုမောင်းထုတ်ထားတာ အဲ့နားက သူတို့ပိုင်တဲ့ တိုက်ခန်းတွေဆို မီးဖြတ်ထားတာကြာပြီ ပြင်ပပေါက်စျေးအတိုင်းပဲပေးပြီး ငှားရမ်းခဲ့ကြတာ တစ်ချို့ဆိုရင် စာချုပ်တောင်မပြည့်သေးဘူး ” ဟု ကျောင်းကြီးစုရပ် နေထိုင်သူ တစ်ဦးကပြော သည် ။
စစ်ကောင်စီမှ စျေးသည်များနှင့် စျေးဆိုင်ခန်းငှား ရမ်း သူများအားဖယ်ရှားနေသော်လည်း ၄င်းတို့စီးပွားရေးဖြစ်သည့် ရှမ်းမလေး၊ ရွှေမန်းသူ အဝေးပြေးကားဂိတ်များအားမူလနေရာတွင်သာ ထားရှိကြောင်း မြို့ခံများကဆိုသည် ။
” စစ်တပ်က ၂၀၁၉ ခုနှစ်ကတည်းက ပြောင်းရွှေ့ဖို့ စာထုတ်ထားပေမယ့် ကိုဗစ် ကာလနဲ့ အာဏာသိမ်းတဲ့ ကိစ္စ တွေကြောင့် ဈေးသည်တွေကအကြိမ်ကြိမ်အသနားခံစာ တင်ခဲ့ကြတော့ ၊ ဒေါ်စုအစိုးရလက် ထပ်မှာသူတို့ လုပ်လို့မရခဲ့ဘူးပေါ့ ၊ ခုတော့အာဏာ ပြပြီးလုပ်ပြီလေ ခုလိုစီးပွားရေးတွေကျဆင်းနေတဲ့အချိန်မှာ လူတွေအိုးမဲ့အိမ်မဲ့ ဘယ်လောက်တောင်ဖြစ်သွားကြမလဲ ” ဟု သျှမ်းရိုးမတိုက်တန်းတွင်နေထိုင်သူတစ်ဦးကပြောသည် ။
တောင်ကြီးမြို့ပေါ်တွင်စစ်တပ်ပိုင်ဆိုင်ခန်းများ ၅၀၀ ဝန်း ကျင်ခန့်ရှိပြီး ယင်းသို့ ဆိုင်ခန်းများဖယ် ရှားဖျက်ဆီး ခံရမှုကြောင့်ဆိုင်ခန်းငှားရမ်းနေထိုင်သည့်ပြည်သူထောင် နှင့်ချီ ၍ အလုပ်လက်မဲ့နှင့်အိုးမဲ့အိမ်မဲ့ဖြစ်ပွားနိုင်ချေ ရှိကြောင်းမြို့ခံများကဝေဖန်ကြသည် ။
Phoro credit : တောင်ကြီးနွေဦးချာနယ်