ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ၏ အကြီးစားကျောက်မီးသွေးတူးဖော်မှုကို သျှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ

စစ်ကောင်စီ၏ အကြီးစားကျောက်မီးသွေးတူးဖော်မှုကို သျှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ

Hsan Loi Editor
14/02/2023
Share:

 

၂၀၂၂ ခုနစ်၊ အောက်တိုဘာလ လလယ်ပိုင်းမှ စတင်ကာ သျှမ်းပြည်၊ ကျေးသီးမြို့နယ်တွင် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို စတင်နေခဲ့ပြီးဖြစ်သည်။ ထိုကျောက်မီးသွေးများအား တောင်ကြီးမြို့အနီးရှိ ပင်းပက် သံနှင့် သံမဏိစက်ရုံတွင် လောင်စာအဖြစ်အသုံးပြုမည်ဖြစ်ပြီး မန္တလေးတိုင်းရှိ မြင်းခြံသံမဏိစက်ရုံအတွက် သံသတ္တုများထုတ်လုပ်ရန်အတွက်ဖြစ်သည်။ ဤထုတ်လုပ်မှု၏ အကျိုးဆက်အနေဖြင့် စစ်ကောင်စီ၏ ကာလရှည်ကြာစွာ ချုပ်ကိုင်ထားသည့်အစီအစဥ်ဖြစ်သော ပြည်တွင်းသံမဏိထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် စစ်ကောင်စီ၏ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် အကောင်အထည်ဖော်ပေးလိမ့်မည်။

 

ပင်းပက်၊ မြင်းခြံသံနှင့် သံမဏိစက်ရုံတို့ကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(စစ်အစိုးရ) လက်ထက်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ မည်သည့်အခါမှတည်ဆောက်ပြီးစီးခဲ့ခြင်းမရှိပဲ ၂၀၁၇ ခုနစ်တွင် NLD အစိုးရမှ ငွေကြေးပြသနာများကြောင့် ဆိုင်းငံ့ခဲ့သည်။၂၀၂၁ ဖေဖော်၀ါရီလ စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီအစိုးရမှ ရရှားနှင့် အီတလီ ကုမ္ပဏီများ၏အကူအညီဖြင့် အဆိုပါစီမံကိန်းများကိုပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

 

ပင်းပက်သံမဏိစက်ရုံသည် ရှရှားအစိုးရပိုင် Tyazhpromexport ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းဖြစ်ပြီး ၄င်းသည် အရည်အသွေးနိမ့်သော သံရိုင်းများကို တစ်ဆင့်တည်းဖြင့် အရည်ကျိုနိုင်သည့် ရှရှားနည်းပညာ romelt ကိုအသုံးပြုရန် ဒီဇိုင်းထုတ်ထားသည်။အဆိုပါလုပ်ဆောင်မှုအတွက် လိုအပ်သော သီးခြားအဆင့်ရှိသည့် ကျောက်မီးသွေးကို ကျေးသီးဒေသမှသာရရှိနိုင်သည်။

 

စိုက်ပျိုးမြေဧကပေါင်းများစွာကို ဖျက်ဆီးမည့်အပြင် ဒေသခံရွာသား ၁၈၀၀၀ ကျော်မှ စိုက်ပျိုးမြေနှင့် အိမ်သုံးရန်အတွက် မှီခိုနေရသည့် နမ့်ဟင်ချောင်းကို ညစ်ညမ်းစေမည့် ကျေးသီးကျောက်မီးသွေးတူးဖော်မှု အစီအစဥ်ကို ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

ကျောက်မီးသွေးများသည် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမှ ပင်းပက်သို့ လဲချား၊ ဟိုပုံး၊ လွိုင်လင်မြို့များမှတစ်ဆင့် ကုန်တင်ကားကြီးများဖြင့်စတင်ပို့ဆောင်နေပြီဖြစ်သည်။ ၄င်းတို့သည် အဆိုပါလမ်းပိုင်းမှ တစ်နေ့လျှင်ကျောက်မီးသွေး ၁၅၀၀ တန်သယ်ပို့ရန် စီစဥ်ထားသည်။

 

ကျေးသီးဒေသတွင် ကျောက်မီးသွေးတူး‌ဖော်နေကြသော ကုမ္ပဏီသုံးခုသည်ဖြစ်သည့် ငွေရည်ပုလဲ ၊ မင်းရွှေလွှာနှင့် နမ့်ပန်ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တို့သည် စစ်ကောင်စီနှင့် ၄င်းတို့၏ ပြည်သူ့စစ်များနှင့် အလွန်နီးစပ်မှုရှိနေသည်။ ငွေရည်ပုလဲနှင့် မင်းရွှေလွှာ ကုမ္ပဏီတို့သည် သျှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများတွင် ညစ်ညမ်းမှုများဖြစ်ပေါ်စေသည့် ကျောက်မီးသွေးတူးဖော်မှုများကြောင့် နာမည်ပျက်များရှိထားသည့်ကုမ္ပဏီများဖြစ်သည်။

 

ကျောက်မီးသွေးသယ်ဆောင်သည့်ကားများသည် သျှမ်းပြည်အလယ်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့်ဒေသများတွင် အတားအဆီးမရှိဖြတ်သန်းသွားနေပြီး ၄င်းတို့မှာ စစ်ကောင်စီနှင့်တစ်စုံတစ်ရာ စေ့စပ်ညှိနှိုင်းမှုများရှိနေကြောင်း ညွှန်ပြနေသည်။ ယင်းအဖွဲ့များသည် ၎င်းတို့ရန်သူများ၏ လက်နက်လုပ်ငန်းများကို မီးလောင်ရာလေပင့်ရန် အဘယ်ကြောင့် ကူညီနေကြသနည်းဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။

 

စာဖတ်သူများအား ကျေးသီးဒေသအတွင်းတွင် သတ္တုတူးဖော်နေသောကုမ္ပဏီများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် ၎င်းတို့၏လုပ်ငန်းများကို ရပ်တန့်သည်အထိ လုပ်ဆောင်ရန်တိုက်တွန်းပါသည်။။ ရုရှားနိုင်ငံမှ Tyazhpromexport နှင့် အီတလီနိုင်ငံမှ Danieli တို့ကိုလည်း စစ်အုပ်စု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား ချက်ခြင်းရပ်တန့်ပြီး မြန်မာနိုင်ငံမှထွက်ခွာရန်လည်း တိုက်တွန်းပါသည်။

 

ထုတ်ပြန်ချက်အပြည့်အစုံ

စစ်ကောင်စီ၏ ပင်းပက်-မြင်းခြံ သံမဏိထုတ်လုပ်မှုအတွက် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို ရှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ