ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြိုနယ်၊ ယင်းခမ်းရွာရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) လှုပ်ရှားရှာနယ်မြေ တပ်စခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ စက်တင်ဘာလ(၁၉)ရက် နံနက်ပိုင်း (၁၁)နာရီအချိန်မှာ လာရောက်တိုက်ခိုက်ကြောင်း Tai Freedom သတင်းဌာနမှ ထုတ်ပြန်ထားပါသည်။
ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်ရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ အင်အား (၁ဝဝ)ခန့် လာရောက်တိုက်ခိုက်တာြဖစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာကာ စစ်ကောင်စီဖက်မှ (၁)ဦးနှင့် ပြည်သူ့စစ် (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါသည်။
သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့နယ်မှာ RCSS/SSA လှုပ်ရှားရာနယ်မြေဖြစ်ပြီး တပ်စခန်း များစွာထားရှိကာ ယခုတိုက်ပွဲဖြစ်ပွားခြင်းသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဖက်မှ အရင်ဆုံး လာရောက်တိုက်ခိုက်တာဖြစ်ကြောင်း သိရှိရပါသည်။