ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွင်းရှိ ဒေသခံပြည်သူများအား အတင်းအဓမ္မခေါ်ယူပြီး PNO အဖွဲ့က စစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းပေးကာ လက်နက်တပ်ဆင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင်လည်း ယခုအပတ်တွင် ပင်လောင်းမြို့နယ်ရှိ ဒေသခံများအား ခေါ်ယူကာ (၁၅)ရက် အခြေခံစစ်ပညာသင်တန်းပေးနေသည်ဟု သိရသည်။ အဆိုပါသင်တန်းတွင် ထူးချွန်သူအချို့ကိုရွေးချယ်ကာ လက်နက်တပ်ဆင်ပေးပြီး သက်ဆိုင်ရာရာထူးအမျိုးမျိုးပေးအပ်ထားသည်ဟုဆိုသည်။
“PNO ကနေ တစ်ရွာကို (၆)ယောက်ကနေ (၁၀)ယောက်နှုန်းအထိ မဖြစ်မနေစစ်သင်တန်းတက်ရောက်ရမယ်လို့ ခေါ်လာတယ်။ အဲ့ဒါကြောင့် ကျေးရွာလူကြီးတွေက မဲနှိုက်ရွေးချယ်ပြီးတော့ မဲကျတဲ့သူတွေက သွားရတာပေါ့။ တချို့တွေက မသွားချင်ကြလို့ ထွက်ပြေးကြတာတွေလည်းရှိတယ်။ တချို့တွေကျတော့လည်း အဲ့ဒီစစ်သင်တန်းကနေ ပြန်လာရင် ရွာထဲကို လက်နက်တကားကားပြန်လာပြီး အာဏာပါဝါလာပြကြတယ်။”ဟု ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးကပြောပြသည်။
အလားတူ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ကလည်း သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PNO၏ အခြေခံစစ်ပညာသင်တန်း တက်ရောက်ပြီးသူများအား လက်နက်တပ်ဆင်ပေးခဲ့ သတင်းရရှိသည်။