ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း-ရွှေဘို လမ်းမကြီးအနီး စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး PDF တပ်ဖွဲ့ဝင် (၁၄)ဦး ကျဆုံးခဲ့ကြောင်း စစ်ကောင်စီသတင်းများဖော်ပြ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း-ရွှေဘို လမ်းမကြီးအနီး စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး PDF တပ်ဖွဲ့ဝင် (၁၄)ဦး ကျဆုံးခဲ့ကြောင်း စစ်ကောင်စီသတင်းများဖော်ပြ

Hsan Loi Editor
28/06/2023
Share:

 

ယနေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်(၆း၄၅)ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း-ရွှေဘိုလမ်းမကြီးအနီး စစ်ကိုင်းမြောက်ဘက် မတ္တရာအနောက်ဘက် ဧရာဝတီမြစ်အနောက်ဘက် စဉ့်ကိုင်ရွာနှင့်တလိုင်းကျွန်းရွာကြား၌ ဒေသခံကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး PDF တပ်ဖွဲ့ဝင် (၁၄)ဦးကျဆုံးခဲ့ကြောင်း စစ်ကောင်စီသတင်းမီဒီယာများက ယနေ့ နေ့လည်ပိုင်းတွင် ဖော်ပြထားသည်။ ဒါ့အပြင် PDF တို့၏ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။