ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ (၇.၅.၂၀၂၃) ရက်နေ့ နံနက်ပိုင်းက သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်-ဆိုက်ခေါင်လမ်းတွင် စင်ကာပူနှင့်အင်ဒိုနီးရှား သံရုံးအရာရှိများပါဝင်သည့် အာဆီယံသံတမန်များယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အင်ဒိုနီးရှားနှင့်စင်ကာပူနိုင်ငံ၏ သံရုံးဝန်ထမ်းများအပါအဝင် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ မသိရသေးပါ။
အဆိုပါယာဉ်တန်းသည် အာဆီယံလူသားချင်းစာနာမှုညှိနှိုင်းရေးရုံး AHA ၏ စီစဉ်မှုနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးကို သွားသည့်အချိန် အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်ကဆိုသည်။