ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြပါရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို RCSS/SSA က တိုက်တွန်းထားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ(၂၄)ရက်နဲ့ (၂၅)ရက် RCSS ဗဟိုဌာနချုပ်မှာ ကျင်းပပြီးတဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် ကျေးလက်ဒေသနှင့် မြို့နယ်အတွင်းရှိ ဒေသခံလူထုတို့နှင့် လက်တွဲပူးပေါင်းပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သျှမ်းပြည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် RCSS သည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Photo – (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကျင်းပနေပုံ