ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-နောင်ချိုလမ်းမကြီး ဂုတ်တွင်းတံတား စစ်ကောင်စီကင်းစခန်းအား ယနေ့ ဇူလိုင်လ(၁၂)ရက်နေ့တွင် TNLA နှင့်တော်လှန်ရေးအင်အားစုများက ထပ်မံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ ဒုံးတပ်ရင်း (၆၀၆) မှ စစ်ကောင်စီတပ်သားများသည် ဂုတ်တွင်းအတွင်း ထွက်ပြေးခဲ့ပြီး ၎င်းတို့အား TNLA နှင့်ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂုတ်တွင်းတံတား ကင်းစခန်းတိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသလို လက်နက်ခဲယမ်းများစွာကိုလည်း TNLA ကသိမ်းဆည်းရရှိခဲ့သည်။
လက်ရှိတွင် ဂုတ်တွင်းကြိုးဝိုင်းအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေဆဲဖြစ်သည်။