ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ချင်းပြည်နယ် ထန်ထလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှု ဒေသခံပြည်သူ (၈) ဦးသေဆုံး ထိုအထဲတွင်အမျိုးသမီး (၅) ဦးပါဝင်

ချင်းပြည်နယ် ထန်ထလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှု ဒေသခံပြည်သူ (၈) ဦးသေဆုံး ထိုအထဲတွင်အမျိုးသမီး (၅) ဦးပါဝင်

Hsan Loi Editor
30/03/2023
Share:

 

ယနေ့မတ်လ (၃၀) ရက်နေ့ နံနက်(၁၀) နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာကို (၄) ကြိမ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၈) ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် အမျိုးသမီး (၅) ဦး ပါဝင်ကြောင်း ချင်းပြည်နယ် ဒေသသတင်းအရင်းအမြစ်များက ဖော်ပြသည်။

 

ဒါ့အပြင် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀) ဦး ကျော်နေပြီဖြစ်ပြီး ထိုထက်လည်း များပြားနိုင်သေးကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော် (CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ချင်းပြည်နယ် ဒေသမီဒီယာများထံ ဖြေကြားထားသည်။

 

ချင်းပြည်နယ် ထန်တလန်မြို့သည် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထုတ်ပြန်ကြေညာထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မှ NUG, PDF နှင့် ၎င်းတို့ကို ထောက်ပံ့ကူညီထားသော တိုင်းရင်းသားလက်နက်ကိုင်များအား ပြင်းပြင်ထန်ထန် အရေးယူသွားမည်ဟု တပ်မတော်နေ့က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး ရက်ပိုင်းအတွင်း ယခုလို တိုင်းရင်းသားဒေသများကို တိုက်ခိုက်လာခြင်းဖြစ်သည်။

 

ဗုံးကြဲခံရပြီး သေဆုံးသူများသည် အောက်ပါအတိုင်းဖြစ်သည်။

(၁) ငွန်ဒေါသ့်

(၂) ဆုန်လှေ

(၃) လဲန်ဇီ

(၄) မခင်ရဲ့မိခင်

(၅) ရှန်ကျုံးဘိခ့်

(၆) ဗန်ဒု

(၇) ကေ့လျန်

(၈) ကျုံးလှေ

 

အောက်ပါအမျိုးသမီး (၂) ဦးသည် ဗုံးကြဲမှုကြောင့်သေဆုံးခဲ့ရသော ကလေးမိခင်များဖြစ်သည်။

 

photo credit & original uploader