ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ခေတ်စားလာသည့် မျော့ဈေးကွက် တစ်ပိဿာရှစ်သောင်းကျပ်အထိ ပေါက်ဈေးရှိနေ

ခေတ်စားလာသည့် မျော့ဈေးကွက် တစ်ပိဿာရှစ်သောင်းကျပ်အထိ ပေါက်ဈေးရှိနေ

Hsan Loi Editor
16/08/2023
Share:

 

သျှမ်းပြည်နယ်တွင် ယမန်နှစ်ကတည်းက စတင်ပြီး ဈေး ကွက်အတွင်း ဈေးကောင်းရရှိလာသည့် မျော့ရောင်းဝယ်ခြင်းသည် တစ်ပိဿာပေါက်ဈေး ရှစ်သောင်းကျပ်အထိ ရရှိနေကြောင်း သိရသည်။ သို့သော် မျော့ဖမ်းသူများ များပြားလာမှုကြောင့် မျော့တစ်ပိဿာရရှိရန်လည်း မလွယ်ကူကြောင်း မျော့ဖမ်းသမားများထံ စုံစမ်းသိရှိရသည်။

 

မျော့များကို သျှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသနှင့် ပုံးအင်းဒေသတို့တွင် အများဆုံးရှာဖွေဖမ်းဆီးကြသည်။ မျော့အစိုနှင့် မျော့အခြောက်ဟူ၍ ဈေးကွက်အတွင်း ရောင်းဝယ်ကြသည်။

 

“အရင်နှစ်ကတည်းက မျော့ဖမ်းခြင်းတွေခေတ်စားလာတယ် ဈေးလည်းကောင်းတယ်လေ။ တချို့တွေတော့ မျော့ဆိုတာ မြင်တာနဲ့ ကြောက်ကြပြီလေနော်။ ကျနော်တို့တော့ မိသားစုစားဝတ်နေရေးအတွက် ငါးဖမ်းကြပေမယ့် မျော့လည်း တခါတည်းဖမ်းလာရတာပဲ။ တစ်ပိဿာမပြောနဲ့ တစ်ဆယ်သားရဖို့တောင် မလွယ်ပါဘူး။ မနှစ်ကတော့ တကယ်ရှာရင် တစ်ရက်တစ်ပိဿာအထိရကြတာတွေရှိတာပေါ့။ ဒီနှစ်တော့ မျော့တွေတောင် နည်းနည်းရှားသွားသလိုပဲ။” အင်းလေးဒေသရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

 

ဝယ်ယူသူများသည် အများအားဖြင့် တရုတ်နိုင်ငံမှဖြစ်ပြီး သွေးတိုး၊ ဆီးချိုကုသခြင်းနှင့် ဆေးဝါးဖော်စပ်ခြင်းတွင် အသုံးပြုသည်ဟုဆိုသည်။