ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရှိ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံကို စစ်ကောင်စီခန့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လစ်ပေးခဲ့ 

ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရှိ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံကို စစ်ကောင်စီခန့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လစ်ပေးခဲ့ 

Hsan Loi Editor
15/03/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းရူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ၌ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပါခီးဓါတ်အားခွဲရုံဖွင့်လစ်ပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ရေးသားထုတ်ဝေခဲ့ပြီး ပြန်ကြားရေးက ယမန်နေ့မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

 

ဖွင့်ပွဲတွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က ဝမ်ဟိုင်းဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓါတ်အားခွဲရုံကြီးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓါတ်အားလိုင်း ၄၀၀ ဗို့ဓါတ်အားလိုင်းနှင့် ဖြန့်ဖြူးရေး ထရန်စဖော်မာများ တည်ဆောက်ပေးထားပြီးဖြစ်၍ လာမည့်ဘဏ္ဍာနှစ်တွင် ကျန်ရှိနေသေးသည့် ကျေးရွာများအထိ ချိတ်ဆက်ဓါတ်အားဖြန့်ဖြူးပေးနိုင်အောင် စီမံကိန်းများ ဆက်လက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဟု ရေးသားဖော်ပြထားသည်။

 

ဝမ်ဟိုင်းဒေသခံတဦးကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်ဟုဆိုသည်။