ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲ−နောင်ချိုကြားရှိ နောင်ပိန်တိုက်နယ်အဝင် SSPP ဂိတ် (၂) ဂိတ်ကို TNLA လာရောက် ဖယ်ရှား 

ကျောက်မဲ−နောင်ချိုကြားရှိ နောင်ပိန်တိုက်နယ်အဝင် SSPP ဂိတ် (၂) ဂိတ်ကို TNLA လာရောက် ဖယ်ရှား 

Hsan Loi Editor
02/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ−နောင်ချိုကြား နောင်ပိန်တိုက်နယ်အဝင် ပြည်ထောင်စုလမ်းမကြီး ဘေးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ဖွဲ့ တပ်စွဲထားတဲ့ ဂိတ်(၂)ဂိတ်ကို ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) က ဇွန်လ(၃၀)ရက်နေ့မှာ လာရောက် ဖယ်ရှားခိုင်းကြောင်း သိရသည်။

 

ဒါ့အပြင် SSPP နေရာယူထားတဲ့ နောင်ပိန်တိုက်နယ် ရဲစခန်းထဲတွင် TNLA က အင်အားအလုံးအရင်းနဲ့ တိုက်နယ်ရဲစခန်းကိုဝိုင်းထားပြီး SSPP တပ်ဖွဲ့ကို နေရာရွေ့ခိုင်းသလို ဘယ်ရီဂိတ်ကိုလည်း TNLA တပ်ဖွဲ့တွေက ခြေထောက်နဲ့သွားကန်တယ်လို့ ဒေသခံတစ်ဦးက Hsan Loi Voice မီဒီယာကို ပြောသည်။

 

SSPP တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တို့ နှစ်ဖက်တပ်သားတွေ အကြီးအကျယ် အငြင်းအခုံဖြစ်ကြပြီး သေနတ် မောင်းခလုတ်တင်တဲ့ အထိဖြစ်ကြောင်း ဒေသခံက ဆက်ပြောထားပါသည်။

 

နယ်မြေစိုးမိုးမှု ဖော်ဆောင်နေတဲ့TNLA နဲ့ SSPPတို့ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေကြောင်း သိရသည်။ တစ်ဖက်မှာလည်း TNLA က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ညစဥ်ညတိုင်း ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲသလို ဂုတ်တွင်း ဖက်မှာလည်း TNLA တပ်က အတွဲလိုက်ဒုံးတွေ ပြန်လည်ပစ်ခတ်နေကြောင်း သိရပါသည်။

 

TNLA နှင့် SSPP တို့သည် စစ်ရေးမဟာမိတ်များဖြစ်ကြပြီး လက်နက်ကိုင်တပ်များ စုပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။

 

SSPP အင်အားကောင်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့အနီးတွင် SSPPနှင့် မဟာမိတ် TNLA တို့ ပူးတွဲစစ်ရေး လှုပ်ရှားရာဒေသဖြစ်ကြောင်း သိရှိရပါသည်။