ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသော မြန်မာနိုင်ငံသား အွန်းလိုင်းလိမ်လည်ခေါင်းဆောင်များအား စစ်ကောင်စီအဖွဲ့က တရုတ်ရဲတပ်ဖွဲ့ထံ ဇန်နဝါရီလ(၃၀)ရက်နေ့ ညပိုင်းက နေပြည်တော်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဟောင်း၊ ပြည်ခိုင်ဖြိုးအမတ်ဟောင်း၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချိန်၊ ဖူလီလိုက်လုပ်ငန်း ဥက္ကဌ ဦးလျိုအားပေါက်နှင့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဥက္ကဌ ဦးဝေဆန်းအပါအဝင် ကိုးကန့်သူဌေး(၁၀)ဦးအား တရုတ်ရဲတပ်ဖွဲ့က နေပြည်တော်လေဆိပ်တွင် လာရောက်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင် (၄၄၀၀၀)ဦး ကျော်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။