ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်း(၅) ခု ထပ်မံသိမ်းပိုက်ခံရ

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်း(၅) ခု ထပ်မံသိမ်းပိုက်ခံရ

Hsan Loi Editor
04/12/2023
Share:

 

ယမန်နေ့ (၃.၁၁.၂၀၂၃) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း(၅) အား MNDAA နှင့် ပူးပေါင်းအဖွဲ့တို့မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန်းသတင်းဌာနက ဖော်ပြခဲ့သည်။

 

ဒီဇင်ဘာလ ၃ ရက်နေ့နံနက်(၁၀:၂၀)နာရီခန့် MNDAAသည် တုန်ချိန်အပြင်ဘက် မာဟိုင်တောင်နေရာတွင် ယာယီတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပါသည်။ တိုက်ပွဲတစ် နာရီခွဲခန့်ဖြစ်ပွားပြီး နောက် (၁၁း၄၆)နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါသည်ဟု ဖော်ပြထားသည်။

 

အခြားတစ်ဖက်တွင် နံနက် (၁၀:၁၆)နာရီခန့် MNDAAမှ အင်အားတစ်စုသည် စန်းတာအိုင်တောင်အောက်ခြေတွင် တပ်စွဲထားသော စစ်ကောင်စီယာယီ တပ်စခန်း (၃)ခုကို ရှင်းလင်း သုတ်သင်ခဲ့ကာ (၁၁း၁၆)နာရီအချိန်တွင် ၎င်းစခန်း(၃)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။

 

ထို့ပြင် နံနက်(၁၀)နာရီခန့်မှစပြီး MNDAAသည် တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်း တွင်တပ်စွဲထားသော စစ်ကောင်စီ တပ်ရင်း(၅၂၇)စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ တိုက်ပွဲ(၅) နာရီကြာ ဖြစ်ပွားပြီး နေ့လည်(၁၄း၄၈)နာရီခန့် တွင် ၎င်းစခန်းကိုလည်းအောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။

တိုက်ပွဲတွင် MNDAAမှ စစ်ကောင်စီအဖွဲ့ဝင်(၁၀)ယောက်ကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိပါသည်။ဒါ့အပြင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်စစ်သုံ့ပန်းခြောက်ဦးနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟုသိရသည်။

 

မြောက်ပိုင်းမဟာမိတ်နှင့် ပူးပေါင်းအဖွဲ့သည် ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ (၅)မြို့ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစံကျော်နယ်စပ်ဂိတ် (၄)ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီဟု ဆိုသည်။

Source & The Kokang