ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းအား ယနေ့ ဇွန်လ (၂၃) ရက်နေ့ နံနက် (၄) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဗုံးကြဲတိုက်ခိုက်ခံရသော ကျေးရွာများသည် ဒိုရောက်အောင်ရွာနှင့် ထေးခိုရွာဖြစ်ပြီး ထေးခိုရွာသားတစ်ဦး သေဆုံးခဲ့သည်ဟုဆိုသည်။ ဒါ့အပြင် အခြားရွာသား (၂) ဦးလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် နေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
အလားတူ ဇွန်လ (၂၂) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားရွာအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။