ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တိုးတက်လာတဲ့ IT နည်းပညာနဲ့အတူ လူငယ်တွေရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ ဖန်တီးမှုအနုပညာနဲ့ တွေးခေါ်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ ရည်ရွယ်ပြီး WRO 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပသွားမယ်လို့ World Robot Olympic Myanmar အဖွဲ့ထံမှ သိရပါသည်။
ပြိုင်ပွဲကြီးကိုတော့ အခုနှစ် လာမယ့် ဇွန်လ ၂၂ ရက်ကနေ ဇူလိုင်လ၂၇ ရက်အထိ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့ တို့မှာ ကျင်းပသွားမယ်လို့ သိရပါသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံက အသက် ၈ နှစ်မှ ၁၉ နှစ်အရွယ်ရှိ လူငယ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့် နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲမှ အနိုင်ရရှိသူက World Robot Olympiad Myanmar ၂၀၂၄ရဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံခြားကို သွားရောက်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်တယ်လို့လည်း သိရပါသည်။
၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ WRO World Robot Olympiad အဖွဲ့အစည်းသည် နှစ်စဉ် အလိုက် Robot Competition တွေကျင်းပ လာခဲ့ပြီး ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တဲ့ စင်ကာပူနိုင်ငံ မှာဆိုရင် (၁၂) နိုင်ငံသာ ပါဝင်ခဲ့ကြပြီး (၂၀၁၉) ခုနှစ်မှာ (၇၃)နိုင်ငံ အထိ ပါဝင်မှု နှုန်းတိုးတက်လာခဲ့ပြီး အခုချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံပေါင်း (၈၅)နိုင်ငံအထိ ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။