ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

UWSA 171 ကို ဖြတ်သန်းပေးပို့ခဲ့သော နံပါတ် ၈ တံဆိပ်တုံးနှိပ် စိတ်ကြွဆေးပြား ၂ သန်း ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိ

UWSA 171 ကို ဖြတ်သန်းပေးပို့ခဲ့သော နံပါတ် ၈ တံဆိပ်တုံးနှိပ် စိတ်ကြွဆေးပြား ၂ သန်း ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိ

Hsan Loi Editor
06/09/2023
Share:

 

၂၀၂၃ ခု စက်တင်ဘာလ ၅ ရက် ယမန်နေ့က ထိုင်းနိုင်ငံသားကဒ်ကိုင်ဆောင်ထားသော မြောင်ဇီးလူမျိုး (အသက် ၃၃ နှစ်) တဦး မောင်းနှင်လာသော ပိတ်အပ်မော်တော်ယာဉ်တစီးနှင့်အတူ စိတ်ကြွဆေးပြား ၂ သန်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ်၊ ဘန့်ဒူနယ်မြေဧရိယာအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

 

ထိုင်းနိုင်ငံ နောင်ဘိုးလမ်းဖူးခရိုင်မှ မြောင်ဇီးတိုင်းရင်းသားတဦးဖြစ်ပြီး ၎င်းနှင့်အတူ ဖယောင်းခရိုင်၊ ချိန်းခမ်းမှ အမျိုးသားတဦး နံဘေးမှ လိုက်ပါလာသည်ဟု ထိုင်းမူးယစ်ဖက်က ထုတ်ပြန်ထားသည်။ မော်တော်ယာဉ်အပြာရောင် နံပါတ် ၈၃၅၃ ဟု ဖော်ပြထားသည်။

 

ဂဏန်းနံပါတ် ၈ တံဆိပ်ရိုက်နှိပ်ထားသော စိတ်ကြွဆေးပြား ၂ သန်းကို ပီနှံအိတ် ၁၀ လုံးအတွင်း သိုဝှက်ထုပ်ပိုးထားပြီး မော်တော်ယာဉ်၏အနောက်ဖက်တွင် အမည်းရောင်မိုးကာအုပ်၍ သယ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

 

ယခုဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ၂ သန်းသည် ၂၀၂၃ ခု၊ ဇွန်လ ၁၅ ရက်နေ့က လမ်းပန်းခရိုင်၊ ငေါင်းမြို့နယ်အတွင်း တရားခံ ၄ ဦးကို ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြား ၄ သန်းကို ခြေရာခံ၍ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 

စိတ်ကြွဆေးပြားများသာမက အရေးပါသောစာရွက်စာတမ်းများ၊ ဘဏ်စာအုပ်များ၊ ဘဏ်ကဒ်များနှင့် ချင်းရိုင်းခရိုင်၊ ထိမ်းမြို့နယ်က အမျိုးသမီးတဦး၏ စာရွက်စာတမ်းများနှင့်အတူ ဖုန်းများကိုပါ သိမ်းဆည်းရမိထားသည်။

 

ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများသည် သျှမ်းပြည် တောင်ပိုင်း တိုင်းရင်းသားအဖွဲ့အစည်းတဖွဲ့ကထုတ်လုပ်သော စိတ်ကြွဆေးပြားများဖြစ်ကြောင်း ထိုင်းမူးယစ်အာဏာပိုင်များက ယုံကြည်ကြသည်။

 

ယင်းမူးယစ်ဆေးဝါးများသည် သျှမ်းပြည် တောင်ပိုင်း UWSA တပ်ဖွဲ့ အမှတ် ၁၇၁ ကို ဖြတ်သန်း၍ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အနောက်ဘက်သို့ ပေးပို့ခဲ့သော မူးယစ်ဆေးဝါးများဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

 

အမှတ် ၈ တံဆိပ် (နံပါတ် ၈) သည် တရုတ်လူမျိုးများ၏ အလေးအနက်ထားသော နံပါတ်ဖြစ်သည်။

 

Ref: Maesaipress