သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

UWSA ဝတ်စုံဝတ်ပြီး ဓားပြဝင်တိုက်သော လူ (၅) ဦးအား တန့်ယန်းပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့

UWSA ဝတ်စုံဝတ်ပြီး ဓားပြဝင်တိုက်သော လူ (၅) ဦးအား တန့်ယန်းပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့

Hsan Loi Editor
21/06/2023
Share:

 

၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ပြင် လုံလိတ်ကျေးရွာတွင် UWSA ဝ တပ်ဖွဲ့၏ စစ်သားဝတ်စုံများ ဝတ်ဆင်ပြီး တန့်ယန်းမြို့တွင် ဓားပြတိုက်နေသည့် အဖွဲ့အား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ လုံလိတ်ကျေးရွာရှိ နေအိမ်တစ်အိမ်အား ဓားပြလာတိုက်နေစဉ် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းခဲ့ခြင်းဖြစ်သည်။

 

ဖမ်းဆီးရမိသူများတွင် စုစုပေါင်း အမျိုးသား (၅) ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓားနှစ်လက်၊ ပစ္စတိုသေနတ်တစ်လက်နှင့် UWSA ဝတ်စုံတစ်စုံကို တွေ့ရှိခဲ့သည်ဟုဆိုသည်။

 

၎င်းတို့တွင် အဖွဲ့ဝင် (၂၀) ဦးခန့်ရှိသည်ဟုဆိုကာ တန့်ယန်းမြို့နယ်၌ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်နေကြသည့်အဖွဲ့ဖြစ်ပြီး ယခင်ကလည်း တန့်ယန်းမြို့ ရပ်ကွက် (၆) တွင် ဓားပြတိုက်ရင်း အဘွားအိုတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။