သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

UWSA ထိန်းချုပ်ထားတဲ့ မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်မြစ်တစ်လျှောက် တရုတ်ကုမ္ဗဏီများ ၂၄ နာရီ ရွှေတူးဖော်မှုကြောင့် ထိုင်းပြည်သူ ၇၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

UWSA ထိန်းချုပ်ထားတဲ့ မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်မြစ်တစ်လျှောက် တရုတ်ကုမ္ဗဏီများ ၂၄ နာရီ ရွှေတူးဖော်မှုကြောင့် ထိုင်းပြည်သူ ၇၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

Hsan Loi Editor
15/03/2025
Share:

 

UWSA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်မြစ်တစ်လျှောက် တွင် တရုတ်ကုမ္ဗဏီများက ၂၄ နာရီ ရွှေတူးဖော်မှုကြောင့် နမ့်ခုတ်မြစ်ကို ကာကွယ်ရန် ထိုင်းပြည်သူ ၇၀၀ ခန့် ကန့်ကွက်ဆန္ဒပြတယ်လို့ သိရပါတယ်။

 

ယမန်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းမြို့နယ်၊ တာတွန်းကျေးရွာမှ ဒေသခံထိုင်းပြည်သူ ၇၀၀ ခန့်တို့က နမ့်ခုတ်မြစ်ကို ကာကွယ်ရန် မြို့တွင်း စာသင်ကျောင်းမှ နမ့်ခုတ်မြစ်သို့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

 

ယခုလှုပ်ရှားမှုသည် ပြည်သူလူထုများအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်းအရာ များကို အဓိကဦးတည်ရန်နှင့် ယခုဖြစ်စဥ်များကို တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကို သာမက အနီးအနား နိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ဆိုသည်ကို သိရှိစေရန် ရည်ရွယ်လုပ်ဆောင်တယ်လို့ ပွဲစီစဥ်ဦးဆောင်သူက ဆိုပါတယ်။

 

ဒေသခံများက သျှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျှောက်ရှိ သတ္တုတူးဖော်မှုနှင့် သစ်တော ခုတ်ထွင်းမှုများကြောင့် ဖြစ်ပေါ်လာသော ယမန်နှစ်က မကြုံစဖူး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်မှု များကဲ့သို့ နယ်စပ်ဖြတ်ကျော် အကျိုးသက်ရောက်မှုများကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန့်ကျင်ခဲ့ကြတယ်လို့ သိရပါတယ်။

 

၂၀၂၃ ခုနစ်မှ စတင်ကာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ထားတဲ့ မိုင်းဆတ် မြို့တောင်ပိုင်းနဲ့ မိုင်းယွန်းမြို့တို့ရှိ နမ့်ခုတ်မြစ်ကမ်းတစ်လျှောက်တွင် တရုတ်ကုမ္ပဏီ ၄ ခု တို့က အကြီး စား ရွှေတူးဖော်မှုများ ပြုလုပ်လာခဲ့တယ်လို့ မတ်လ(၁၄)ရက်နေ့က ထုတ်ပြန်တဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါ ရွှေတူးဖော်မှုမှ စွန့်ပစ်ပစ္စည်းများ၏ သက်ရောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက နမ့်ခုတ်မြစ်ပေါ်တွင် ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ပြီး မိုင်းယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်း ရှမ်းရွာသည် ရွံမြေနှင့် ရေဆိုးများဖြင့် နှစ်မြုပ်သွားသလို ထိုင်းဘက်ကမ်း နယ်စပ် တာတွန်းနှင့် ချင်းမိုင်ခရိုင်မြောက်ဘက် နမ့်ခုတ်မြစ်တစ်လျှောက်ရှိ ကျေးရွာများလည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရ တယ်လို့ သိရှိရပါတယ်။