ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် “ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့၌ UWSA ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု (၃၅) နှစ်မြောက်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် AA, MNDAA နှင့် TNLA တို့၏ စစ်ဦးစီးချုပ်များ ဂုဏ်ပြုတက်ရောက်ခဲ့ကြောင်း “ ဝ” သတင်းအရင်းအမြစ်က ဖော်ပြသည်။
“ UWSA” ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်မြောက်အခမ်းအနားသို့ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သော်လည်း စစ်ကောင်စီဘက်က သဝဏ်လွှာပေးပို့ခြင်းမရှိကြောင်း သိရသည်။