ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

UWSA ဦးဆောင်လာသည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ

UWSA ဦးဆောင်လာသည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ

Hsan Loi Editor
21/07/2023
Share:

 

ယမန်နေ့ ဇူလိုင်လ(၂၀)ရက်နေ့ တွင် UWSP “ဝ”သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) တို့သည် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကောင်စီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုင်းမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် အခြားအဖွဲ့ဝင်များတက်ရောက်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်တွင် UWSP ဒုဥက္ကဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဌ ဦးစန်ပေ့၊ SSPP ဒုဥက္ကဌ (၃) စဝ်ဆေပိုင်ဖ တို့ တက်ရောက်ခဲ့သည်။

 

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နှင့် UWSA, NDAA, SSPP တို့သည် မတ်လ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆက်တွဲအဖြစ် ဆက်လက်ဆွေးနွေးနေကြခြင်းဖြစ်သည်။ ယနေ့ ဇူလိုင်လ (၂၁) ရက်တွင်လည်း ဆက်လက်ဆွေးနွေးနေပြီး အသေးစိတ်ဆွေးနွေးချက်များကို (၂) ဖက်အဖွဲ့မှ ထုတ်ပြန်လာခြင်းမရှိသေးပါ။