ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

UWSA “ဝ” အရာရှိနှစ်ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထား

UWSA “ဝ” အရာရှိနှစ်ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထား

Hsan Loi Editor
13/10/2023
Share:

 

ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့မှာဆုကြေးငွေတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

 

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ UWSA “ဝ” အရာရှိနှစ်ဦး ဟာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့တူနဲ့ သားမက်

ဟောင်း တော်စပ်တယ်လို့ သိရပြီး သူတို့ နှစ်ဦးကို လက်ရှိ တရုတ်ပြည် ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့က အများပြည်သူလုံခြုံရေးဌာနတွေမှာ ဖမ်းမိအောင် သတင်းပေးသူကို တရုတ်ယွမ်တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ ကြေညာထားတာပဲဖြစ်ပါတယ်။

 

ဝရမ်းထုတ်ခံထားရတဲ့ သူတို့နှစ်ဦးဟာ “ဝ” နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူးပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် နဲ့ UWSA ရဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော်ချွင်ထင် ဖြစ်ပြီး “ဝ” တပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်သူတွေ ဖြစ်တယ်လို့ RFA မှာဖော်ပြထားပါတယ်။

 

အခုလ ၁ ရက်နေ့ကလည်း တရုတ်နိုင်ငံရဲ့ ကုန်စည် ပြပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကိုးကန့်လုပ်ငန်းရှင်တွေအပါအဝင် လူ ၇၀ ကျော်ပါဝင်တဲ့ ကိုယ်စား လှယ်အဖွဲ့ထဲက လူ ၁၁ ယောက်ကို ကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

 

တရုတ်အစိုးရရဲ့ညွှန်ကြားချက်နဲ့ တရုတ် – မြန်မာပူး ပေါင်းအဖွဲ့က စက်တင်ဘာ ၃ ရက်က စတင်ပြီးမြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာရှိတဲ့ အွန်လိုင်းတယ်လီကွန်း ကွန်ရက်အခြေစိုက်စခန်း ၁၁ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး (ကျားဖြန့် )အွန်လိုင်း ငွေလိမ်သူ ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

ဓါတ်ပုံ – ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦး