သျှမ်းပြည်နယ်၊ သီပေါ-နမ္မတူလမ်း ပန်လုံရွာ-ထန်မဆိုင်း လမ်းအတိုင်း TNLA တပ်မဟာ (၃) သို့ သယ်ယူလာသော လက်နက်များ နမ့်ဆန်မြို့နယ် လီလုရွာအနီးတွင် ဖမ်းဆီးခံလိုက်ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သော လူမှုကွန်ယက်က ယနေ့ ဖော်ပြလာပါသည်။
Type-81 ၄၂ လက်၊ ကျည် ၂၀,၀၀၀ တောင့်၊ RPG ၁၀ လက်၊ RPG ဒုံးသီး ၉၀ လုံး၊ စနိုက်ပါ ၁ လက်၊ M4 ၁၀ လက်၊ ကျည် ၂၀၀၀ တောင့်၊ ပွိုင့် ၅ ကျည် ၁၃ ပုံး၊ SURF မော်တော်ယာဉ်၊ TIGER 4 Wheel မော်တော်ယာဉ်တို့ကိုပါ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/