သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

TNLA ထိန်းချုပ်နယ်မြေ နမ့်ဆန်မြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေး (၂)ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

TNLA ထိန်းချုပ်နယ်မြေ နမ့်ဆန်မြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေး (၂)ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
09/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
May be a black-and-white image of 2 people, clothes iron and text
ယနေ့အောက်တိုဘာလ ၄ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်အချိန်တွင် စစ်တပ် က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်တာကြောင့် နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာမှာ ကျရောက် ပေါက်ကွဲပြီး အသက် ၁၃ နှစ်အောက် ကလေး ၂ ဦး သေဆုံးပြီး ကလေး ၆ ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
May be an image of 1 person
ဗုံးကြဲမှုကြောင့် လူထိခိုက်သေဆုံးမှုရှိသလို နေအိမ် ၁၆ အိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယနေ့ နံနက်ပိုင်းအချိန်က သီပေါမြို့နယ်ရှိ မန်ဟဲကျေးရွာနဲ့ အုံမုကျေးရွာတို့ကို စစ်တပ်က ဗုံးလာရောက်ကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ကလည်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်ထဲ ပေါင် ၅၀၀ ဗုံးကြဲချတိုက် ခိုက်တာကြောင့် နေအိမ်၊ အဆောက်အဦး ထိခိုက်ပျက်စီးသလို ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်က နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ မန်တုံနဲ့ ဌာနချုပ်တည်ရှိရာ နမ့်ဆန်မြို့နယ်ကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။