သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

TNLA ထိန်းချုပ်ထားသော မြို့နယ်များ၌ အိမ်ထောင်စုစာရင်းများအား တအာင်းဘာသာဖြင့် ပြန်ပြင်မည်ဟု

TNLA ထိန်းချုပ်ထားသော မြို့နယ်များ၌ အိမ်ထောင်စုစာရင်းများအား တအာင်းဘာသာဖြင့် ပြန်ပြင်မည်ဟု

Hsan Loi Editor
18/09/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA အဖွဲ့နှင့်ပူးပေါင်းတော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသော မြို့နယ်များ၌ နေထိုင်ကြသူများ၏ အိမ်ထောင်စုစာရင်းအား တအာင်းဘာသာဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း TNLA အဖွဲ့က ဒေသခံပြည်သူများအား အကြောင်းကြားထားသည်ဟု ဆိုသည်။

 

“မနေ့ကတုန်းက မိုင်းငေါ့မှာကျန်ခဲ့တဲ့အမေနဲ့အစ်မက ကျမကို ပြောပြလာတာကတော့ ကျမတို့ကိုင်ထားတဲ့ အိမ်ထောင်စုစာရင်းကို ပြန်ပြင်ချင်တာ လူဦးရေထပ်တိုးချင်တာတို့ရှိရင် TNLA အဖွဲ့ရဲ့ လဝက ကိုသွားပြောရမယ်ပေါ့။ ပြီးတော့ အခုအိမ်ထောင်စုဇယားကိုလည်း ကော်ပီကူးထားပြီးတော့ လာမည့်နှစ်မှာ တအာင်းဘာသာနဲ့ ပြန်ထုတ်ပေးမယ်လို့ပြောတယ်။ ကျမတို့ မိုင်းငေါ့မြို့မှာဆိုရင် တအာင်းပလောင်လူမျိုးတွေအပြင် သျှမ်းလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေလည်းအများကြီးရှိတော့ သူတို့ဘယ်လိုလုပ်ပေးမလဲ မသိရသေးဘူး။ ပြီးတော့ တအာင်းပလောင်စာလည်း ကျမတို့မဖတ်တတ်ဘူး။” ဟု တောင်ကြီးမြို့သို့ ရောက်ရှိနေသော မိုင်းငေါ့မြို့ဒေသခံတစ်ဦးက ပြောပြသည်။

 

စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း TNLA နှင့် တော်လှန်ရေးအင်အားစုများက နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းတုံ၊ မိုင်းငေါ့၊ မန်တုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့တို့အား သိမ်းပိုက်ရရှိထားသည်။ အဆိုပါမြို့များအတွင်း တိုင်းရင်းသားလူမျိုးစုများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်ပြီး အများစုမှာ တအာင်းစာပေအား တတ်မြောက်ခြင်းမရှိပါ။