သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

TNLA ထိန်းချုပ်ထားသော ဒေသများထံ ကုန်စည်စီးဆင်းမှု စစ်ကောင်စီတားမြစ်ခြင်းကြောင့် ကျောက်မဲ-လားရှိုးလမ်းတစ်လျောက် ကုန်တင်ယာဉ်ကြီးများအား ငွေကြေးပိုပေးပြီး ဖြတ်သန်းနေရ

TNLA ထိန်းချုပ်ထားသော ဒေသများထံ ကုန်စည်စီးဆင်းမှု စစ်ကောင်စီတားမြစ်ခြင်းကြောင့် ကျောက်မဲ-လားရှိုးလမ်းတစ်လျောက် ကုန်တင်ယာဉ်ကြီးများအား ငွေကြေးပိုပေးပြီး ဖြတ်သန်းနေရ

Hsan Loi Editor
01/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော မြို့နယ်များထံ ကုန်စည်စီးဆင်းခွင့် ကန့်သတ်လိုက်ကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း ကုန်တင်ယာဉ်မောင်းများထံ စုံစမ်းသိရှိရသည်။ အဓိကအားဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် ကုန်ခြောက် တင်သွင်းမှုကို ကန့်သတ်တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကန့်သတ်တားမြစ်ချက် သတင်းထွက်လာပြီး ၂ ရက်အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-သီပေါ-လားရှိုး လမ်းမကြီးတလျောက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်သော တွဲကားများထံ ငွေကြေးပိုမိုကောက်ခံလာသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

 

“ဒီနေ့မှ သီပေါ-ကျောက်မဲကြား တစ်လျောက် စောင့်နေကြတဲ့ စစ်ကောင်စီအဖွဲ့တွေ ပုံမှန်ကောက်နေတာထက် ကုန်ခြောက်တင်တဲ့ကားတွေဆို ပိုတောင်းကြတယ်။ တချို့ကားတွေဆို အရစ်ခံရပြီး အကြာကြီးပိတ်နေတာတွေရှိတယ်။ တစ်ချို့ကားတွေတော့ (၅)သောင်း ၊ အချို့ကားတွေတော့ (၁)သိန်း ၊ တစ်ချို့တွေတော့ (၅)သိန်းလောက်အထိပေးရတာတွေရှိတယ်။ ဒါတောင်မှ ကျနော်တို့နဲ့ မသိတဲ့ ကားဆရာတွေရှိသေးတယ် မြောက်ပိုင်းကို ဒီနေ့တက်လာတဲ့ကားတွေ အကုန်အစစ်ခံရတယ်။”ဟု သျှမ်းပြည်နယ်မြောက်ပိုင်း ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောပြသည်။

 

ကျောက်မဲနှင့်သီပေါအကြား စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၄)နေရာရှိပြီး ဂိတ်တိုင်း ငွေပေးပြီး ဖြတ်သန်းရသည်ဟုဆိုသည်။

 

အလားတူ ကျောက်မဲ-သီပေါ-လားရှိုး လမ်းတစ်လျောက် TNLA နှင့် SSPP အဖွဲ့ကလည်း ဖြတ်သန်းသွာလာသော ကားများအား စစ်ဆေးလျက်ရှိသလို ကုန်တင်ယာဉ်ကြီးများထံ ငွေကြေးကောက်ခံမှုရှိသည်ဟုလည်း သိရသည်။

 

“ကျောက်မဲမြို့အဝင်ဆိုင်းဘုတ်နားမှာဆိုရင် အရပ်ဝတ်နဲ့ စောင့်ပြီးကောက်ကြတဲ့ စစ်ကောင်စီအဖွဲ့တွေရှိတယ်။ ပြီးရင် မြို့အထွက် တိုးဂိတ်နားကိုလည်း သူတို့ထပ်စောင့်ပြီး တောင်းကြသေးတယ်။ ပြီးတော့ သီပေါမြို့အဝင်နဲ့ သီပေါမြို့အထွက်တွေမှာလည်း စစ်ကောင်စီအဖွဲ့တွေထပ်ရှိသေးတယ်။ ဂိတ်တိုင်းကတော့ အနည်းနဲ့အများပေးရတာပဲ။ ပြီးတော့ TNLA အဖွဲ့တွေက လွယ်ခေါ်ရွာအထွက်တစ်နေရာ၊ ကျင်သီတံတားနား၊ ဘော်ကြိုရွာအဝင်အထွက် (၂)နေရာ တွေမှာ စောင့်ပြီး ကောက်တာရှိတယ်။ ပြီးတော့ သျှမ်းအဖွဲ့တစ်ဖွဲ့ကလည်း ဘော်ကြိုရွာနားမှာ စောင့်ပြီးကောက်တာထပ်ရှိသေးတယ်ဗျာ။”ဟု ပြင်ဦးလွင်-လားရှိုး ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ကန့်သတ်ခြင်းက TNLA သိမ်းထားသော မြောက်ပိုင်းမြို့များကို ရိုက်ခတ်မှုမဖြစ်ခင် လမ်းခရီးတစ်လျောက် ငွေကြေးကောက်ခံသော အဖွဲ့များအတွက် လုပ်စားရန်သာ ပိုမိုဖြစ်နေသည်ကို တွေ့ရသည်။