နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA ၏ သတင်းစာရှင်းလင်းပွဲပြီးနောက် ကျောက်မဲမြို့ကို စစ်ကောင်စီက ၂ ကြိမ် လေကြောင်းဖြင့် ဗုံးကြဲ

TNLA ၏ သတင်းစာရှင်းလင်းပွဲပြီးနောက် ကျောက်မဲမြို့ကို စစ်ကောင်စီက ၂ ကြိမ် လေကြောင်းဖြင့် ဗုံးကြဲ

Hsan Loi Editor
05/05/2025
Share:

 

ယနေ့ မေလ (၅) ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်နှင့် ၁၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံး (၂) လုံး သည် အမြောက်တပ်အတွင်း တစ်လုံးနှင့် လမ်းမကြီးပေါ်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်မှုအသေးစိတ် မသိရသေးပါ။

 

“ ကျောက်မဲကို စစ်လေယာဉ်တွေ ဗုံးလာမကြဲတာတော်တော်ကြာပြီ။ မြို့ထဲလည်း ဒေသခံအချို့ ပြန်နေနေကြပြီ။ ဈေးလည်းပြန်ဖွင့်နေပြီ။ မနေ့က TNLA သတင်းစာရှင်းလင်းပွဲကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်မှု ပြန်လုပ်လာတာထင်တယ်။” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီနှင့် TNLA သည် အပစ်ရပ်စဲရန် တရုတ်နိုင်ငံကူမင်းမြို့၌ ဧပြီလ (၂၈)ရက်နေ့ နှင့် (၂၉) ရက်နေ့တို့တွင် ဆွေးနွေးခဲ့ကြပြီး အဆင်ပြေခဲ့ခြင်းမရှိဟုဆိုသည်။ ယမန်နေ့ မေလ (၄) ရက်နေ့တွင် TNLA က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စစ်ကောင်စီပြန်တောင်းဆိုသော မြို့များအား ပြန်ပေးမည်မဟုတ်ကြောင်းပြောဆိုအပြီး TNLA ထိန်းချုပ်ထားသောမြို့အား စစ်ကောင်စီက တိုက်ခိုက်မှုပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်။