ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ကျေးရွာအုပ်စုပါတီကော်မတီ စိုင်းမောဝ်အွန်သည် နိုဝင်ဘာလ (၇) ရက်နေ့က ၎င်း၏နေအိမ်တွင် TNLA အဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းမောဝ်အွန် ဖမ်းဆီးခံရမှုကြောင့် SSPP အဖွဲ့က ပြန်လွှတ်ပေးနိုင်ရန် သွားရောက်ညှိနှိုင်းစဉ် TNLA အဖွဲ့က စစ်ကျင့်ဝတ်ကိုချိုးဖောက်ပြီး SSPP တပ်သားများကိုလည်း ဖမ်းဆီးကွပ်မျက်ခဲ့သည်။
SSPP အဖွဲ့၏ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်ရှိ အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် (၇) ဦးသည် ယမန်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့နယ် စယ်လန့်ရွာတွင်ရှိသော TNLA အဖွဲ့သွားရောက်ညှိနှိုင်းစဉ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။
SSPP အဖွဲ့၏ မူဆယ်မြို့နယ်မှူးနှင့် တပ်သား(၂)ဦးကိုလည်း TNLA အဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်သုံ့ပန်းများကို စယ်လန့်ကျေးရွာတွင် ပစ်သတ်ခဲ့သည်ဟု SSPP အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသော SSPP တပ်သားများအား ပြန်လွှတ်ပေးရန် SSPP နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များ ညှိနှိုင်းမှုပြုနေစဉ်မှာပင် TNLA အဖွဲ့၏ စစ်ဦးစီးချုပ် တားဟိုပရန်က အပြတ်ချေမှုန်းသွားရန်ရှိကြောင်း ပြောကြားပြီး စစ်သုံ့ပန်းအားကွပ်မျက်ရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။
ဒါ့အပြင် ဖမ်းဆီးခြင်းခံထားရသော SNLD ကျေးရွာအုပ်စုပါတီကော်မတီ စိုင်းမောဝ်အွန်ကိုလည်း မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရသေးပါ။ စိုင်းမောဝ်အွန်သည် စစ်ကောင်စီနှင့်ရော အခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပါ ပတ်သက်မဟုတ်ဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက်အဖွဲ့၏ ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်။