ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ ဩဂုတ်လ (၉) ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကျောက်မဲမြို့အဝင်တွင် စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျောက်မဲ-မန္တလေးကားမကြီး၌ ကားကြီးကားငယ်များ ရပ်တန့်ထားခဲ့ရသည်။
ဒါ့အပြင် ကျောက်မဲမြို့နယ် ဝမ်ဆာမိုင်းကုန်းကျေးရွာ၌ TNLA နှင့် PDF အဖွဲ့တို့ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် TNLA နှင့် PDF အဖွဲ့များရှိရာနေရာကို ကျရောက်ခြင်းမရှိဘဲ ဒေသခံပြည်သူလူထုနေအိမ်ကို ထိမှန်ခဲ့ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။
TNLA အဖွဲ့သည် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားပြီး ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းရွာများကို အကာအကွယ်ပြုကာ ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။ ဒါ့အပြင် စစ်ကောင်စီနှင့်တိုက်ခိုက်ပြီးနောက် ၎င်းတို့သွားရာလမ်းတစ်လျောက်တွင် မြေမြုပ်မိုင်းများ ထောင်သွားမှုကြောင့် ဒေသခံပြည်သူများ တောင်ယာလုပ်ငန်းဝင်ရန်လည်း စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။