ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

TNLA နှင့် PDF အဖွဲ့တို့ပူးပေါင်းပြီး နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ဟု သိရ

TNLA နှင့် PDF အဖွဲ့တို့ပူးပေါင်းပြီး နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ဟု သိရ

Hsan Loi Editor
29/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ပြီး ၁၀၂၇-စစ်ဆင်ရေးစတင်ခဲ့ကြောင်း MNDAA က စတင်ကြေညာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးအား မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ဖြစ်သည့် MNDAA,TNLAနှင့် AA အဖွဲ့တို့မှ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းများအား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

 

ယင်းနောက် PDF အဖွဲ့များလည်း ပူးပေါင်းပါဝင်လာခဲ့ပြီး ယနေ့ (၂၉.၁၀.၂၀၂၃) ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်စခန်းအား TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်သား(၆)ဦးသေဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း TNLA မှ ဖော်ပြထားသည်။