ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
TNLA အဖွဲ့ဝင်အချို့သည် သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် သျှမ်းရွာမကြီးတခုဖြစ်သည့် မန်ခါ ကျေးရွာအုပ်စုထဲသို့ ဝင်ရောက်လာကြပြီး ဟဲပုရွာခံ ခိင်းစိုင်းမောင်/စိုင်းသန်းမောင်ကို ကနဦးလာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ယနေ့ သတင်းရရှိထားပါသည်။
“ခိင်းစိုင်းမောင်/စိုင်းသန်းမောင်ကို အရင်လာဖမ်းသွားတယ်၊ ဟိုတုန်းက လူငယ်အဖွဲ့တွေထဲမှာ ဘယ်သူတွေပါသလဲပေါ့၊ စစ်လားမေးလားလုပ်မယ်ထင်တယ်၊ ဒီတဦးက လူငယ်အဖွဲ့ခေါင်းဆောင်ဖြစ်တယ်၊ ဟိုတဦးကတော့ စာရေးဆိုပြီး သူလည်း ပြောမယ်ထင်တယ်၊ အဲ့နောက် သူတို့ ၄ ဦးကို ဖမ်းသွားတယ်” ဟု မန်ခါရွာမှ အမည်မဖော်လိုသူ ရွာခံတဦးက ပြောပါသည်။
သျှမ်းရွာသား ၄ ဦးဖြစ်သည့် ခိင်းစိုင်းမောင်/ စိုင်းသန်းမောင် (ဟဲပုကျေးရွာ)၊ စိုင်းအောင်ခင် (ဟဲပုကျေးရွာ)၊ စိုင်းထွန်းမောင် (မန်ခါမန်ကျောင်းရွာမကြီးနေ)၊ စိုင်းဆာထွန်း (မန်ဝိန်းကျေးရွာ) တို့ကို အဓမ္မ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
စိုင်းထွန်းမောင်သည် သားသမီးရှိသူဖြစ်ကာ (နိုင်းခဲ) မန်ခါမန်ကျောင်း ရွာမကြီး၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူငယ်ရေးရာများကို ထဲထဲဝင်ဝင်ဆောင်ရွက်ဖူးခဲ့သူ တဦးဖြစ်ကြောင်းသိရသည်။
၎င်းတို့ ၄ ဦးတို့သည် အိမ်ထောင်သည်များ သားသမီးများ ရှိနေကြသူများဖြစ်ကြောင်းသိရသည်။
TNLA တပ်အချို့အထိုင်ချထားသည့် ပလောင်ရွာ ကျုရှောရွာသို့ အဆိုပါ အရပ်သား ၄ ဦးကို လွန်ခဲ့သော ၄-၅ ရက်ခန့်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ယင်းနောက် မန်ခါမန်ကျောင်းရွာမှ လူကြီးသူမများသွားရောက် တောင်းပန်သော်လည်း စိုင်းဆာထွန်းကိုသာ လွတ်ပေးလိုက်ပြီး ကျန် ၃ ဦးကို TNLA က လွတ်ပေးခြင်းမရှိပဲ ဟူးကွက်ရွာ (TNLA) လာရောက်အခြေချနေကြသည့် သျှမ်းရွာပျက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုပြောဆိုကြောင်း ကြားသိရသည်။
သျှမ်းမြောက်ဒေသ၌ TNLA နှင့် SSPP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်နေသည့်ကိစ္စရပ်များ၊ ပဋိပက္ခများကို လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း နူတ်ဆိတ်နေကြသည်ကို တွေ့ရသည်။
ထို့အတူ TNLA နှင့် SSPP တို့ဘက်ယိမ်းသည့် ဗမာ မီဒီယာကြီးများကလည်း ယင်းကိစ္စရပ်များနှင့်ပါတ်သက်၍ ဖော်ပြခြင်းမရှိသည်ကို တွေ့ရသည်။
Photos: Tun Mg Facebook မှ (TNLA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ စိုင်းထွန်းမောင်နှင့် အိမ်၌ကျန်ရစ်သော ၎င်း၏သား)