ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

Thai fight ဘုရင့်ဖလားနှင့် ခါးပတ်လုပွဲ၌ အနိုင်ရရှိသွားသော ကယန်းတိုင်းရင်းသူ Vero Nika ကို NUG က မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Thai fight ဘုရင့်ဖလားနှင့် ခါးပတ်လုပွဲ၌ အနိုင်ရရှိသွားသော ကယန်းတိုင်းရင်းသူ Vero Nika ကို NUG က မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Hsan Loi Editor
29/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်တွင် ကျင်းပပြုလုပ်သော မွေးထိုင်းခတ်ခြိတ်အ် Thai fight ဘုရင့်ဖလားနှင့် ခါးပတ်လုပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ကယန်းတိုင်းရင်းသူ Vero Nika ကို NUG အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

 

ကမ္ဘာ့ချန်ပီယံဆုရရှိထားသော ပြိုင်ဘက် ဂရိနိုင်ငံသူ Fani Peloumpi ကို တတိယအချီတွင် Vero Nika က အလဲထိုး အနိုင်ယူခဲ့ပါသည်။ ယင်းနောက် ထိုင်းဖိုက်ခတ်ခြိတ်အ် ချန်ပီယံဆုနှင့် ဘတ်ငွေ ၂ သိန်းခွဲ ငွေသားဆုကို မြန်မာနိုင်ငံအတွက် ရယူပေးနိုင်ခဲ့ပါသည်။

 

Vero Nika က သူမ၏ ထိုင်းနည်းပြနှင့် Mr. J Axel နည်းပြတို့ကို အထူးပင် ကျေးဇူးတင်ရှိကြောင်းလည်း Tiger Muay Thai စာမျက်နှာကတဆင့် ရေးသားဖော်ပြခဲ့သည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/