ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ထိုင်းနိုင်ငံသို့အလည်အပတ်သွားသည့် ခရီးသွားဧည့်သည်များကို ထိုင်းလေယာဥ်ကွင်းလဝကက ယခင်က ဗီဆာ ၁၄ ရက်ပေးခဲ့သော်လည်း ယခု ၄၅ ရက်ထိ တိုးမြင့်ပေးနေသည့် သတင်းများ ပြန့်နှံ့နေပါသည်။
ယင်းကိစ္စနှင့်ပါတ်သက်၍ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးမှ ထိပ်တန်းအရာရှိတဦးကို မေးမြန်းကြည့်ရာ “ဟုတ်ပါတယ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ပေးတာပါ ၂-၃ လလောက်ရှိသွားပါပြီ။” ဟု ယနေ့ ဖြေကြားပါသည်။
နှစ်ကုန်ခါနီးနှင့် နှစ်သစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွား အမြောက်အများ လာရောက်လည်ပတ် ဈေးဝယ်လေ့ရှိကြပြီး အာဆီယံနိုင်ငံများထဲတွင် ခရီးသွားဝန်ဆောင်မှုအကောင်းဆုံးမှတ်တမ်းဝင်နိုင်ရေး ကြိုးစားအားထုတ်မှုကို ဖော်ပြလေ့ရှိကြသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Photo: ဘန်ကောက်သွားမယ်