ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အဆောင်အား ဝင်ရောက်စီးနင်းရာတွင် ကျွန်ုပ်တို့ STF မှရဲဘော်အား နာမည်ဖြင့် လာရောက်ဖမ်းစီးသော်လည်း လွတ်မြောက်သွားသောကြောင့် စကစမှာ အဆောင်ရှိ အပြစ်မဲ့ လူငယ် ၂ ဦးအား လက်နက်များဖြင့် မိသည်ဟုဆိုကာ မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။
ထိုလက်နက်များသည် STF မှ ရဲဘော်၏ လက်နက်များသာ ဖြစ်ပြီး အခန်းဖော် မောင်နန်းမျိုးအောင်နှင့် မောင်ရှိုင်းရှိုင်းမှာ မတရားဖမ်းဆီးခံလိုက်ရသည်။
(နန်းမျိုးအောင်မှာ ဂျပန်သွားမည့်ကလေးဖြစ်ပြီး ရှိုင်းရှိုင်း (ခ) ကတုံးမှာ ကွန်ပျူတာ သင်တန်းတက်နေသော ကလေးသာ ဖြစ်သည်။
ထိုဖမ်းဆီးခံရသော မောင်ရှိုင်းဝဏ္ဏထွန်းနှင့် မောင်နန်းမျိုးအောင်တို့မှာ ကျွနိုပ်တို့ STF အဖွဲ့နှင့် လုံးဝပါတ်သက်ဆက်နွယ်မှုမရှိသော သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်း အတိအလင်း ကြေငြာအပ်ပါသည်။
Photo: စကစ