သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

SSPP နှင့် မဟာမိတ်များ ပင်လုံမြို့ စနင်းနယ်တဝိုက်မှ နောက်ဆုတ်ခိုင်းသော်ငြားလည်း လာဘ်ထိုး၍သာ ပြီးဆုံးသွားနိုင်ဟုဆို

SSPP နှင့် မဟာမိတ်များ ပင်လုံမြို့ စနင်းနယ်တဝိုက်မှ နောက်ဆုတ်ခိုင်းသော်ငြားလည်း လာဘ်ထိုး၍သာ ပြီးဆုံးသွားနိုင်ဟုဆို

Hsan Loi Editor
26/12/2022
Share:

 

ပင်လုံမြို့ စနင်းနယ်ရှိ ဘိန်းခြံများကို စစ်ကောင်စီဘက်က သွားရောက်ရှင်းလင်းမည်ဟု ဒေသခံများအကြား သတင်းများ ထွက်ပေါ်‌နေသည်။

“အကြောင်းပြချက်ပေးတာကတော့ စစ်တပ်ဘက်က ဘိန်းခြံတွေတက်ပြီး ရှင်းမယ်လို့တော့ ကြားတယ်။ ဘိန်းခြံတွေကိုတော့ နှစ်တိုင်းတက်ရှင်းနေကြသလိုတော့ ရှိတယ်။ ပြီးတော့ သူတို့ ဓါတ်ပုံမှတ်တမ်းတွေယူမယ် အထက်ကို ဆက်တင်တယ်ပေါ့။ မရှင်းခင်မှာ ဘိန်းအထွက် သိပ်မကောင်းတဲ့ခြံတွေကိုသာ အရင်ညှိကြပြီး ဦးစားပေးရှင်းခိုင်းမယ်။ မလုပ်ခင်လည်း ကြိုညှိထားကြတဲ့ပုံစံပါ” ဟု ဒေသခံတဦးက ပြောပါသည်။

SSPP နှင့် မဟာမိတ်အဖွဲ့များကို ပင်လုံမြို့ စနင်းနယ်တဝိုက်က ရွေ့ပြောင်းခိုင်းစေမည့် အနေအထား သိပ်မဖြစ်နိုင်ကြောင်း စစ်ရေးအတွေ့အကြုံရှိသူများဘက်ကလည်း ပြောပါသည်။

၎င်းတို့သည် ပင်လုံမြို့ စနင်းနယ်တဝိုက် ဒေသခံများထံမှ (ဆန်၊ ငွေနှင့် ဘိန်းခွန်အမျိုးမျိုး၊ သစ်အမျိုးမျိုးတို့ ထုတ်လုပ်ခြင်းမှ) ဝင်ငွေ ရရှိကြသောကြောင့်လည်း စစ်ကောင်စီက ဆုတ်ခွာခိုင်းသည့်ကိစ္စ သိပ်မဖြစ်နိုင်ဟု ဆိုသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/